အီးဗီဇာကြေးပေးသွင်းရန် ရက်ချိန်းယူရာတွင် သိထားသင့်သောအချက်များ

◆ (https://www.thaievisa.go.th/) တွင်ဗီဇာလျှောက်လွှာတင်ပြီးသော မြန်မာနိုင်ငံအတွင်းရှိ ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် အီးဗီဇာကြေးပေးသွင်းရန် ရက်ချိန်းယူသည့်စနစ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၀၉.၃၀ နာရီတွင် စတင်မည် ဖြစ်ပါသည်။
အီးဗီဇာစနစ်တွင် ဖောင်ဖြည့်ရန်နည်းလမ်းကို အောက်ဖော်ပြပါလင့်တွင် သေသေချာချာဖတ်ပါ။
https://www.thaiconsularyangon.com/evisapay/instruction

◆ သံရုံး၏ဗီဇာဌာနတွင် ရုံးဖွင့်ရက်များအတွင်း နံနက် ၀၉.၀၀ နာရီမှ ၁၁.၃၀ နာရီထိ အီးဗီဇာကြေးလာရောက်ပေးသွင်းနိုင်ရန် ရက်ချိန်းယူသည့်စနစ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင်ပါမည်။ အီးဗီဇာကြေးကို ဒေါ်လာငွေသားဖြင့် ပေးသွင်းရမည်ဖြစ်ကာ ကာယကံရှင်ကိုယ်တိုင် (သို့) ကိုယ်စားလှယ်တစ်ဦးဦးက လာရောက်ပေးသွင်းရပါမည်။

◆ ရုံးဖွင့်ရက်တစ်ရက်လျှင် အီးဗီဇာကြေးပေးသွင်းရန် ရက်ချိန်းယူနိုင်မည့် လူအရေအတွက်ကို ကန့်သတ်ထားပါသည်။ အီးဗီဇာစနစ်မှရရှိသော QR Code အပေါ်မူတည်၍ reservation တစ်ခုကို အီးဗီဇာလျှောက်လွှာ(၁၀)ခုအထိ အကြုံးဝင်မည်ဖြစ်ပါသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခု (မြန်မာနိုင်ငံသားများအတွက်) သို့မဟုတ် ပတ်စပို့တစ်ခု (နိုင်ငံခြားသားများအတွက်)ကို တစ်ရက်လျှင် reservation တစ်ခုပြုလုပ်နိုင်ပါမည်။ reservation လုပ်ပြီးလျှင် ပြန်လည်ပယ်ဖျက်၍မရသောကြောင့် လျှောက်ထားသူများသည် reservation မပြုလုပ်မီ မိမိလိုချင်သည့်ရက်ကို သေသေချာချာစဉ်းစားဆုံးဖြတ်ရန် လိုအပ်ပါသည်။

◆ အီးဗီဇာစနစ် (https://www.thaievisa.go.th/) ရှိ ငွေပေးသွင်းပုံအကျဉ်းချုပ်တွင် ဖော်ပြထားသော “Request No.” (လျှောက်ထားသည့်အမှတ်စဉ်)ကို အီးဗီဇာကြေးပေးသွင်းရန် reservation ယူရာ၌ လိုအပ်ပါသည်။

◆ ထိုင်းသံရုံး၊ ရန်ကုန်တွင် အီးဗီဇာကြေးလာရောက်ပေးသွင်းပြီးနောက် ငွေရပြေစာကို လျှောက်ထားသူ၏ အီးမေးလ် (သို့) အီးဗီဇာအကောင့်ထဲ့သို့ ၁၅ မိနစ်အတွင်း ပေးပို့မည် ဖြစ်ပါသည်။

◆ သံရုံး၏ တရားဝင်ရုံးပိတ်ရက်များကို အောက်ပါလင့်တွင်ကြည့်ပါ။

◆ လိုအပ်သော စာရွက်စာတမ်းများအားလုံးကို အီးဗီဇာစနစ်တွင် တင်သွင်းပြီးနောက် ဗီဇာကြေးလာရောက်ပေးသွင်းပြီးပါက လုပ်ငန်းဆောင်ရွက်ချိန် (၁၀) ရက်မှ (၁၅) ရက်ခန့် ကြာမြင့်မည် ဖြစ်ပါသည်။ အကယ်၍ လျှောက်ထားသူသည် စာရွက်စာတမ်းများကို ပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိက (သို့) စာရွက်စာတမ်းအတုများကို တင်ပြထားပါက ထိုသူ၏ဗီဇာလျှောက်လွှာကို ငြင်းပယ်မည်ဖြစ်ပါသည်။

Royal Thai Embassy, Yangon
Visa Appointment Booking Online
IMPORTANT INFORMATION FOR MAKING AN APPOINTMENT TO PAY e-VISA FEES

◆ This e-Visa Fee Payment Appointment System is made for the non-Thai nationals in Myanmar who submitted the visa applications through e-Visa system (https://www.thaievisa.go.th/), at which the non-Thai nationals in Myanmar is started from
1 January 2025, 09.30 hrs (Myanmar time)
Please strictly read how to fill in the information in e-Visa system at https://www.thaiconsularyangon.com/evisapay/instruction


◆ This e-Visa Fee Payment Appointment System is opened from 1 January 2025 for making the reservation to make an e-visa fee payment at the visa section of the Embassy from 09.00 – 11.30 hrs. on the Embassy’s working days. The e-Visa fee payment must be paid in cash (USD) and made by the applicant or the person assigned by the applicant.


◆ The Embassy limits the amount of reservation queues for e-Visa Fee Payment Appointment per working day. Please note that one reservation can be made for up to ten (10) e-Visa applications in accordance to QR Code from the e-visa system, and one National Registration Card (for Myanmar nationals) or one passport number (for non-Myanmar nationals) is limited to make one reservation per a working day. As the reservation cannot be cancelled after being made, the applicants are encouraged to thoughtfully consider the date of appointment before making reservation.


◆ In order to make the reservation for e-Visa fee payment, the “Request No.” obtaining from payment info summary of e-visa system through https://www.thaievisa.go.th/is required.


◆ After making an e-visa fee payment at the Royal Thai Embassy in Yangon, the receipt will be sent to the e-visa’s applicant email or e-visa’s account within 15 minutes.


◆ Please check the Embassy’s Official Holidays at the link below.


◆ In case that all required documents are completely submitted , the processing time for visa applicants under e-Visa system will take approximately 10 - 15 working days after the visa fee is paid. Please note that if the applicants do not submit all required documents or submit any forged document, the visa application will be rejected.

Royal Thai Embassy, Yangon, Myanmar

No. 94, Pyay Road, Dagon Township, Yangon,
Republic of the Union of Myanmar
TEL : (951) 226 721, 226 728, 226 824
FAX : (951) 221 713
Website : https://yangon.thaiembassy.org/
Facebook : https://www.facebook.com/RoyalThaiEmbassyYangon