ထိုင်းသံရုံး၊ ရန်ကုန် အွန်လိုင်းမှတဆင့် ဗီဇာရက်ချိန်းယူခြင်း

ဗီဇာလျှောက်ထားရာတွင် အရေးပါသောအချက်များ

◆ ထိုင်းသံရုံး၊ ရန်ကုန်၏ဗီဇာဌာနတွင် သင့်လျော်ရာဗီဇာလျှောက်ထားလိုသူများသည် အွန်လိုင်းမှဗီဇာရက်ချိန်းယူသည့်ဝက်ဆိုက် Visa Appointment Booking Online (VABO) ဖြစ်သော www.thaiconsularyangon.com/visa/ တွင် ရက်ချိန်းရယူရမည်ဖြစ်ပါသည်။

◆ သံရုံးသည် ရုံးဖွင့်ရက်တစ်ရက်လျှင် ဗီဇာရက်ချိန်းလျှောက်ထားနိုင်မည့်လူဦးရေကို ကန့်သတ်ထားပါသည်။ အွန်လိုင်းရက်ချိန်းတစ်ခုကို လူတစ်ဦးတည်းအတွက်သာ လျှောက်ထားနိုင်ပါမည်။ ရက်ချိန်းမယူမီတွင် မိမိယူလိုသည့် ရက်ကို တိကျသေချာစွာစဉ်းစားပြီးမှ ရက်ချိန်းယူရန်နှင့် ရက်ချိန်းယူပြီးနောက် ပြန်လည်ပယ်ဖျက်ခြင်းကို ရှောင်ရှားပါ။ လက်ရှိတွင် လျှောက်ထားသူအများအပြားသည် ရက်ချိန်းယူသည့်နေ့တွင် ‌ရောက်ရှိမလာသော အခြေအနေများ ဖြစ်ပေါ်နေသည့်အတွက် အခြေအနေတိုးတက်မှုမရှိလျှင် သံရုံးသည် ရက်ချိန်းပယ်ဖျက်သည့်စနစ်ကို ရပ်ဆိုင်းရန် စဉ်းစားမည့် အလားအလာရှိပါသည်။

◆ VABO တွင် ရက်ချိန်းမယူမီ ထိုင်းသံရုံး၊ ရန်ကုန်၏ ဝက်ဆိုက်တွင် ဗီဇာလျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ၊ လက်ခံသည့်ရက်နှင့် ငွေပေးချေရမည့်နည်းလမ်းများအကြောင်းအသေးစိတ်ကို ဂရုတစိုက်ဖတ်ရှုလေ့လာပါ။ (လင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။)

◆ ထိုင်းသံရုံး၊ ရန်ကုန်တွင် ဗီဇာဖောင်တင်၍ ကျသင့်သောဗီဇာကြေးပေးသွင်းပြီးပါက သံရုံးသည် လျှောက်ထားသူ၏ ပတ်(စ)ပို့ ပြန်လည်ထုတ်ယူရမည့်နေ့ (လျှောက်ထားသည့်နေ့ပြီးနောက် ၂ ရက်မြောက်နေ့၊ ဥပမာအားဖြင့် တနင်္လာနေ့တွင်လျှောက်ထားပါက ပတ်(စ)ပို့ကို ဗုဒ္ဓဟူးနေ့တွင် လာရောက်ထုတ်ယူနိုင်ပါသည်။) ကိုဖော်ပြထားသော အထောက်အထားစာရွက်ကို ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။ အကယ်၍ စာရွက်စာတမ်းအတုများ၊ မပြည့်စုံသောအထောက်အထားများကို တင်ပြလာပါက အဆိုပါလျှောက်ထားသူကို သံရုံးက ဗီဇာထုတ်ပေးမည်မဟုတ်ကြောင်း သိစေအပ်ပါသည်။

◆ လျှောက်ထားသူများက လေယာဉ်လက်မှတ်ဝယ်ပြီးသောကြောင့် ဗီဇာထုတ်ပေးလိမ့်မည်ဟု သံရုံးကကြိုတင်အာမ,မခံပါ။

◆ ရက်ချိန်းရယူရာတွင် ဖော်ပြထားသောအမည်နှင့် ပတ်(စ)ပို့တွင် ဖော်ပြထားသောမည်မှာ တူညီရပါမည်။ အကယ်၍ အမည်တူညီမှုမရှိပါက ဗီဇာလျှောက်ထားမှု ငြင်းဆိုခံရမည်ဖြစ်ပြီး ရက်ချိန်းအသစ်ကို အွန်လိုင်းမှ ပြန်လည်ရယူရမည် ဖြစ်ပါသည်။

Royal Thai Embassy, Yangon
Visa Appointment Booking Online
IMPORTANT INFORMATION FOR APPLYING VISA

◆ Applicants who wish to apply for an appropriate visa at the Visa Section of the Royal Thai Embassy in Yangon have to make an online reservation for visa appointment at only the Visa Appointment Booking Online (VABO) website at www.thaiconsularyangon.com/visa(this website)

◆ The Embassy limits the amount of reservation queues for visa appointment per working day. Please note that one reservation is only for one person. Please thoughtfully consider the date of appointment before making reservation and refrain from making the cancellation later. Due to recent circumstance that many applicants do not appear on the date of reservation, the Embassy may consider stopping the cancellation system if this issue does not improve.

◆ Before making the reservation on this VABO website of the Royal Thai Embassy in Yangon, please carefully read the details of the required documents for applying visa, date of approval and method of payment (links appear below.)

◆ After applying for a visa and paying the visa fee at the Royal Thai Embassy in Yangon, the Embassy will issue the document stating the date for collecting the passport which will be 2 working days after the date of application (for example, if applying on Monday, the passport can be collected on Wednesday.). Please note that if there are any fake or incomplete documents, the Embassy reserves the rights to reject to issue the visa for that applicant.

◆ The Royal Thai Embassy in Yangon cannot guarantee in advance that visa will be issued even the air ticket is already purchased.

◆ Name must match exactly the name in your passport. If the name on the appointment schedule does not match the name in your passport, your visa application will be rejected and the new visa appointment must be booked online.

Royal Thai Embassy, Yangon, Myanmar

No. 94, Pyay Road, Dagon Township, Yangon,
Republic of the Union of Myanmar
TEL : (951) 226 721, 226 728, 226 824
FAX : (951) 221 713
Website : https://yangon.thaiembassy.org/
Facebook : https://www.facebook.com/RoyalThaiEmbassyYangon