ထိုင်းနိုင်ငံသို့ဝင်ရောက်ရန် Visaလျှောက်ထားခြင်းအတွက်လိုအပ်သည့်အချက်အလက်များကိုဖြည့်စွက်ခြင်းနည်းလမ်း
(Visa အမျိူးအစားအားလုံးအတွက်)

1. www.thaievisa.go.th သို့ဝင်ရပါမည်။ထိုနောက် Create an Account ကို နှိပ်ရပါမည်။

2. Apply for a New Visa ကို နှိပ်ရပါမည်။

3. Country/ Territory issuing travel document နှင့် Current Location နေရာတွင် Myanmar ကို ရွေးချယ်ပြီးရင် Apply at နေရာတွင် Royal Thai Embassy, Yangon. စာသားပေါ်လာပါမည်။

4. Travel Document Type, Visa Type, Purpose of Visit နှင့် Number of Entries နေရာတွင် လိုအပ်သည့် အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ရပါမည်။ (ပုံတွင်ဖော်ပြထားသည်မှာ Ordinary Passport ဖြင့် Tourist Visa လျှောက်ထားခြင်းဖြစ်သည်။)

5. Passport စာအုပ်ရဲ့ ပထမစာမျက်နှာကို ပုံရိုက်ပြီး Upload Biodata Page of Passport နေရာတွင် တင်ပေးပါ။

(ပုံတွင်ဖော်ပြထားသည်မှာ LOOK KHUN NOO နာမည်ဖြစ်ထုတ်ထားသော Passport စာအုပ်ရဲ့ ပထမစာမျက်နှာပုံ ဖြစ်ပါသည်။)

ပုံတင်ပြီးပါက Review & Confirm စာမျက်နှာပေါ်လာပြီးဖြစ် မိမိရဲ့အချက်အလက်များကို မှန်ကန်မှုရှိမရှိ ပြန်လည်စစ်ဆေးပြီးပါက အတည်ပြုရန်အတွက် Add to Application ကို နှိပ်ရပါမည်။ (ဒီအချက်သည် အရေးကြီးသောအချက်ဖြစ်သည့်အတွက်သေချာစွာ လုပ်ဆောင်ရပါမည်။)

6. (ဒီအချက်သည် အရေးကြီးသောအချက်ဖြစ်သည့်အတွက်ရှင်းပြထားသည့်အတိုင်း သေချာစွာလုပ်ဆောင်ရပါမည်။)
အချက်နံပါတ် ၅ ကို လုပ်ဆောင်ပြီးပါက အောက်တွင်ဖော်ပြထားသောစာမျက်နှာပေါ်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများသည် မျိုးရိုးနာမည်မရှိသည့်အတွက် Visaလျှောက်ထားသူ၏နာမည်သည် Family name နေရာတွင်ရှိနေပြီး Visaလျှောက်ထားသူ၏နာမည်ကို First name သို့ ပြန်လည်ဖြည့်စွက်ရမည်ဖြစ်ပြီး Family name နေရာရှိနာမည်ကို ပြန်လည်ရေးဖျက်ရမည်ဖြစ်သည်။

Passport နာမည်တွင် @ပါသော နာမည်ဖြစ်ပါက အဆိုပါ @နှင့်နောက်ကနာမည်ကို ဖြည့်စွက်ရေးသားရန်မလိုအပ်ပါ။ ဥပမာ Aung Htin Wonn@Steven နာမည်ဆိုရင် Aung Htin Wonn သာဖြည့်စွက်ရမည်ဖြစ်ပြီး @Stevenက်ိုဖြည့်စွက်ရန်မလိုအပ်ပါ။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂-၇ ရက်များအတွက် အီးဗီဇာလျှောက်ထားခဲ့ပြီး အီးဗီဇာကြေးပေးသွင်းရန်နံပါတ်ရရှိပြီးသူများသည် ဖောင်တွင် မိမိအမည်ကို ရှေ့နောက်မှားယွင်းဖြည့်သွင်းမိထားပါက ဖောင်အသစ်ကိုပြန်လည်ဖြည့်သွင်းနိုင်ရန် သံရုံးကခွင့်ပြုပေးပါမည်။ ထိုသူများသည် လျှောက်လွှာနံပါတ် Request No. အသစ်ကို မူလကရရှိထားသော အီးဗီဇာကြေးပေးသွင်းရန်နံပါတ် E-visa payment reservation No.နှင့်အတူ တွဲဖက်အသုံးပြုရပါမည်။

7. ထိုနောက် အခြာကျန်ရှိသေးတာအချက်အလက်များကို ပြီးစီးသည့်အထိ မှန်ကန်စွာဖြည့်စွက်ရပါမည်။

8. Supporting Document စာမျက်နှာသို့ ရောက်ရှိပါက ပုံတွင်ဖော်ပြထားသည့်အတိုင်းအချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ရမည်ဖြစ်ပြီး အချက်နံပါတ် ၃ Document indicating current location တွင် မြန်မာနိုင်ငံရှိအိမ်ထောင်စုစာရင်းပုံကို တင်ပေးရပါမည်။

9. အချက်အလက်များဖြည့်စွက်ပြီးစီးပါက “Proceed to Payment” ခလုတ်ကိုနှိပ်ရပါမည်။ထိုနောက် “Pay at the Embassy” ခလုတ်ကိုထပ်နှိပ်ပြီးလျှင် download ခလုတ်ကိုနှိပ်ကာ QR Code နှင့်တကွ Payment Info Summary စာမျက်နှာပေါ်လာမည်ဖြစ်ပြီး ငွေပေးချေမှုအတွက် အဆိုပါစာမျက်နှာကို Save ခလုတ်နှိပ်ခြင်းဖြစ်စေ Screenshot နှိပ်ခြင်းဖြစ်စေ သိမ်းဆည်းထားရပါမည်။

10. ထိုင်းသံရုံး၊ရန်ကုန်မြို့၏ Visa Section တွင် ရုံးဖွင့်ရက် မနက် ၉နာရီမှ ၁၁:၃၀ မိနစ်အတွင်း ငွေပေးချေရပါမည်။ ငွေပေးချေရာတွင် အမေရိကန်ဒေါ်လာငွေသားဖြင့်သာ ပေးချေရပါမည်။ ငွေပေးချေမှုမပြုလုပ်ခင် https://www.thaiconsularyangon.com/evisapay/တွင် (Visa အမျိူးအစားအားလုံ Non -EDမှအပ) ဘိုကင်ကိုအရင်ယူထားရပြီး Non -ED အမျိုးအစားအတွက် https://www.thaiconsularyangon.com/labour-visa တွင် ဘိုကင်ယူရမည်ဖြစ်သည်။

Royal Thai Embassy, Yangon, Myanmar

No. 94, Pyay Road, Dagon Township, Yangon,
Republic of the Union of Myanmar
TEL : (951) 226 721, 226 728, 226 824
FAX : (951) 221 713
Website : https://yangon.thaiembassy.org/
Facebook : https://www.facebook.com/RoyalThaiEmbassyYangon