Please Login to make an appointment

Royal Thai Embassy, Yangon Visa Appointment Booking Online for “Non-immigrant L-A” type

IMPORTANT INFORMATION FOR APPLYING “NON-IMMIGRANT L-A” VISA. PLEASE READ AND STRICTLY FOLLOW THE INSTRUCTION.

** Due to the fact that there have been some users try to reserve thr booking slots as many as possible and later cancel those slots after reselling, the Embassy will, therefore, from 30 July 2024, stop the cancellation system from the L-A visa reservation system. Accordingly, the Agencies/Companies have to think carefully before making the reservation as it will be unable to cancel the reservation.

** The Embassy will blacklist the Agencies/Companies that make reservation and do not send the name list within 10 minutes for 3 times.

◆  This Booking Online Website is limited only for Agencies/Companies that were approved and received the license issued by Ministry of Labour of Thailand or Ministry of Labour of Myanmar who wish to make the reservation to apply for “Non-immigrant L-A” type of Visa for Myanmar workers with the Royal Thai Embassy, Yangon.

◆  The Agencies/Companies that use the service at this website for the first time must submit the request for approval to obtain the login and password for making the reservation with the Royal Thai Embassy, Yangon first by filling in the information as well as attach (1) the Company's Registration Document and  (2) a license from Ministry of Labour of Thailand  or Ministry of Labour of Myanmar at the follwing online form.

     After submitting information in the form, the Embassy will verify the Agencies/Companies and consider the request After the verification process, the login and password will be sent to approved Companies/Agencies through the email written in the form. The password can be later on changed to the preferred one by the Companies/Agencies via the "reset password" page of this website.

 ◆  The Agencies/Companies that have obtained the login and password provided by the Embassy can make the reservation for applying  “Non-immigrant L-A” type by logging in first.  The Embassy limits the amount of reservation queues for visa appointment per working day.

        The Agencies/Companies can make the reservation with the preferred amount according to the list of Myanmar workers that the Agencies/Companies currently have. After selecting the date of appointment and amount, and submitting the reservation in the website, the booking confirmation email will be sent to the registered email of the Agencies/Companies. The Agencies/Companies must provide the name list of Myanmar workers comprising of the names and passport numbers that Agencies/Companies would like to apply the “Non-immigrant L-A” type for by filling in “Send Name List” form ( https://thaiconsularyangon.com/labour-visa/index.php/apponitment/send-name-list ) within 10 minutes. If the Embassy does not receive the name list within 10 minutes, that reservation will be cancelled.

The Embassy will reply the email of Agencies/Companies after receiving the name list of Myanmar nationals for the final approval. On the date of appointment, the representative of the Agencies/Companies have to take a screenshot or print out or presenting the final approval email sent at the Embassy.

◆ The fee for Non-immigrant L-A visa is 20 USD per application with visa validity of 3 months.  After applying for a visa and paying the visa fee at the Royal Thai Embassy in Yangon, the Embassy will issue the document stating the date for collecting the passport which will be 3 working days after the date of submitting application (for example, if applying on Monday, the passport can be collected on Wednesday.). Please note that if there are any fake or incomplete documents, the Embassy reserves the rights to reject to issue the visa for that applicant.

◆ The Royal Thai Embassy in Yangon cannot guarantee in advance that visa will be issued even the air ticket is already purchased.

ထိုင်းသံရုံး ရန်ကုန်မြို့

Non-immigrant L-A ဗီဇာအမျိုးအစား လျှောက်ထားရန် အတွက် အွန်လိုင်းမှတ်ပုံတင် ခြင်းနှင့်ရက်ချိန်းရယူခြင်း

Non-immigrant L-A ဗီဇာအမျိုးအစား လျှောက်ထားရန် အတွက် အွန်လိုင်းမှတ်ပုံတင်ရာတွင် လိုအပ်‌သော အရေးကြီးအချက်အလက်များ

**အချို့သူများသည် ရက်ချိန်းနေရာများကို ရနိုင်သလောက် အမြောက်အမြားရယူကာ ထိုနေရာများကိုပြန်လည်ရောင်းချရန် ပထမအမည်ဖြင့်ရယူထားသောရက်ချိန်းကို ပယ်ဖျက်လေ့ရှိတတ်သောကြောင့် သံရုံးသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့မှစ၍ L-A visa အတွက်ရက်ချိန်းလျှောက်ထားသည့်စနစ်တွင် “cancellation “ ရက်ချိန်းပယ်ဖျက်သည့်စနစ်ကိုရပ်ဆိုင်းမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရက်ချိန်းပယ်ဖျက်သည့်စနစ်မရှိတော့သောကြောင့် အေဂျင်စီ/ကုမ္ပဏီများသည် ရက်ချိန်းမယူမီ သေသေချာချာစဉ်းစားဆုံးဖြတ်ရန်လိုပါသည်။

**သံရုံးသည် ၁၀ မိနစ်အတွင်း အမည်စာရင်းတင်သွင်းခြင်း (၃ ကြိမ်အထိသာ) မပြုနိုင်သည့် အေဂျင်စီ/ကုမ္ပဏီများကို အမည်မည်းစာရင်းသွင်းမည်ဖြစ်သည်။

◆ဤ အွန်လိုင်းမှတ်ပုံတင် လျှောက်ထားရန် ၀က်ဘ်ဆိုက် လိပ်စာ သည် ထိုင်းနိုင်ငံနှင့်မြန်မာနိင်ငံ အလုပ်သမား ၀န်ကြီးဌာနများ၏ တရား၀င်အသိအမှတ်ပြုထားသောကုမ္ပဏီ (သို့) အေဂျင်စီများ အနေဖြင့် မြန်မာအလုပ်သမားများအတွက် အထက်ဖေါ်ပြပါ ဗီဇာအမျိုးအစား ကို ထိုင်းသံရုံး တွင် လျှောက်ထားရာတွင်သာ အသုံးပြုနိုင်ရန်ကန့်သတ်ထားသည်။

◆ဤဝက်ဘ်ဆိုက်တွင် ဝန်ဆောင်မှုကိုပထမဆုံးအကြိမ် စတင်အသုံးပြုသော အေဂျင်စီများ/ ကုမ္ပဏီများသည် ထိုင်းသံရုံး၊ ရန်ကုန်တွင် ကြိုတင်စာရင်းပေးသွင်းမှုများပြုလုပ်နိုင်ရန်အတွက်လိုအပ်သော စနစ်အတွင်းဝင်ရောက်ရန် (login)နှင့် လျှို့ဝှက်ကုဒ် (password) တို့ကို ဦးစွာတောင်းဆိုလျှောက်ထားရပါမည်။ ထိုသို့လျှောက်ထားရာတွင် (၁) ကုမ္ပဏီမှတ်ပုံတင်အထောက်အထားနှင့် (၂) ထိုင်းနိုင်ငံ သို့မဟုတ် မြန်မာနိုင်ငံရှိအလုပ်သမားဝန်ကြီးဌာနများက ထုတ်ပေးထားသော လုပ်ငန်းလိုင်စင်တို့ကို အောက်ဖော်ပြပါ အွန်လိုင်းဖောင်တွင် ဖြည့်သွင်းရမည်ဖြစ်ပါသည်။ https://thaiconsularyangon.com/labour-visa/index.php/company-registration အဆိုပါ လျှောက်ထားလာသော လျှောက်လွှာများကိုစီစစ်၍ ကုမ္ပဏီ (သို့) အေဂျင်စီ၏ အီးမေးလ် လိပ်စာသို့ လော့အင်၀င်‌ရောက်နိုင်ရန်အတွက် လျို့၀ှက်ကုဒ်ကိုပေးပို့ပေးမည်ဖြစ်ပါသည်။ အဆိုပါ လျို့၀ှက်ကုဒ်ကို ကုမ္ပဏီ (သို့) အေဂျင်စီများ အနေဖြင့် ပြောင်းလဲလိုပါက “Reset Password” စာမျက်နှာတွင် မိမိတို့စိတ်ကြိုက်လျို့၀ှက်ကုဒ်ကို ပြောင်းလဲနိုင်ပါသည်။

◆ထိုင်းသံရုံး ရန်ကုန်တွင် လော့အင်၀င်ရန်အတွက် လျို့၀ှက်ကုဒ်ရရှိထားသော ကုမ္ပဏီ (သို့) အေဂျင်စီများအနေဖြင့် Non-immigrant L-A ဗီဇာအမျိုးအစား လျှောက်ထားရန် အတွက် အွန်လိုင်းရက်ချိန်းရယူရန်အတွက်ပထမဦးစွာလော့အင်၀င်ရောက်ရပါမည်၊ ထိုင်းသံရုံး ရန်ကုန်အနေဖြင့် အလုပ်ရက် တစ်ရက်လျှင် ရက်ချိန်းရယူလျှောက်ထားနိုင်မည့် လူဦးရေကို ကန့်သတ်ထားရှိပါမည်။

◆ကုမ္ပဏီ (သို့) အေဂျင်စီများသည် ရက်ချိန်းယူရာတွင် မိမိတို့လက်ဝယ်ရှိ မြန်မာအလုပ်သမားစာရင်းအတိုင်း နှစ်သက်ရာပမာဏကို လျှောက်ထားနိုင်ပါသည်။ ဝက်(ဘ)ဆိုက်တွင် ရက်ချိန်းနေ့နှင့် အလုပ်သမားဦးရေကိုရွေးချယ်လျှောက်ထားပြီးနောက် အတည်ပြုအီးမေး(လ်)ကို ကုမ္ပဏီ/အေဂျင်စီများထံသို့ ပေးပို့မည်ဖြစ်ပါသည်။ Non-immigrant L-A ဗီဇာအမျိုးအစားကိုလျှောက်ထားရန် ကုမ္ပဏီ/အေဂျင်စီများသည် အောက်ပါလင့်မှ (https://thaiconsularyangon.com/labour-visa/index.php/apponitment/send-name-list) “Send Name List” ဟုဖော်ပြထားသော အမည်စာရင်းဖောင်ကိုရယူ၍ လျှောက်ထားပေးလိုသော မြန်မာအလုပ်သမားများ၏ အမည်နှင့် ပတ်(စ)ပို့တို့ကို ၁၀ မိနစ်အတွင်း တင်ပြရပါမည်။ အကယ်၍ သံရုံးသည် ၁၀ မိနစ်အတွင်း အမည်စာရင်းမရခဲ့ပါက ရက်ချိန်းကိုပယ်ဖျက်မည်ဖြစ်ပါသည်။

အဆိုပါ အလုပ်သမားများ၏ အမည်နှင့် မှတ်ပုံတင်အမှတ်များ ကို ထိုင်းသံရုံးအီးမေးလ် လိပ်စာသို့ ပေးပို့ပြီး ထိုင်းသံရုံးအနေဖြင့်နောက်ဆုံးအတည်ပြုချက်ကိုအီးမေးလ်ပေးပို့အကြောင်းပြန်ပါမည်၊ ရရှိထားသော အတည်ပြုရက်ချိန်းနေ့တွင် ကုမ္ပဏီ (သို့) အေဂျင်စီ၏ ကိုယ်စားလှယ်အနေဖြင့်  ၄င်းသံရုံး၏အတည်ပြုအီးမေးလ်ကို စာရွက် (သို့) ဖုံးပေါ်ရှိဓာတ်ပုံကို ပြသ၍ လာရောက်လျှောက်ထားရပါမည်။

◆Non-immigrant L-A ဗီဇာအမျိုးအစား လျှောက်ထားရာတွင် ဗီဇာကြေးအဖြစ် လျှောက်ထားသူတစ်ဦး/ လျှောက်လွှာ တစ်စောင်လျှင် အမေရိကန်‌ဒေါ်လာ ၂၀ ဖြစ်ပါသည်။ အဆိုပါဗီဇာ၏တရား၀င်မှုသက်တမ်းမှာ ၃လရှိပါသည်၊ ဗီဇာလျှောက်ထားပြီး နောက် ပြန်လည်ရွေးယူရမည့် ရက်ဖေါ်ပြထားသောစာရွက် ပြန်ပေးပါမည်၊ ဗီဇာရရှိရန် အလုပ်လုပ်ရက် ၃ ရက် (ဥပမာ- တနင်းလာနေ့ လျှောက်ထားလျှင် ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ရွေးယူရပါမည်) ထိုကဲ့သို့လျှောက်ထားရာတွင် အတုအပ စာရွက်စာတမ်းများ မပြည့်စုံသော စာရွက်စာတမ်းများ စစ်ဆေးတွေ့ရှိပါက အဆိုပါလျှောက်ထားမှုကို ထိုင်းသံရုံးမှငြင်းဆို ပိုင်ခွင့် ရှိပါသည်။

◆ထိုင်းသံရုံး ရန်ကုန်အနေဖြင့် လေယာဥ်လက်မှတ်ကြိုတင်ဖြတ်ထားခြင်းအကြောင်းပြချက် တစ်ခုတည်း ကြောင့် ဗီဇာထုတ်ပေးပါမည်ဟုအာမ မခံနိုင်ပါ။

Royal Thai Embassy, Yangon, Myanmar

No. 94, Pyay Road, Dagon Township, Yangon,
Republic of the Union of Myanmar
TEL : (951) 226 721, 226 728, 226 824
FAX : (951) 221 713
Website : https://yangon.thaiembassy.org/
Facebook : https://www.facebook.com/RoyalThaiEmbassyYangon