ထိုင်းသံရုံး၊ ရန်ကုန် အွန်လိုင်းမှတဆင့် ဗီဇာရက်ချိန်းယူခြင်း

ဗီဇာလျှောက်ထားရာတွင် အရေးပါသောအချက်များ

◆ ထိုင်းသံရုံး၊ ရန်ကုန်၏ဗီဇာဌာနတွင် သင့်လျော်ရာဗီဇာလျှောက်ထားလိုသူများသည် အွန်လိုင်းမှဗီဇာရက်ချိန်းယူသည့်ဝက်ဆိုက် Visa Appointment Booking Online (VABO) ဖြစ်သော www.thaiconsularyangon.com/visa/ တွင် ရက်ချိန်းရယူရမည်ဖြစ်ပါသည်။

◆ သံရုံးက ရုံးဖွင့်ရက်တစ်ရက်လျှင် ဗီဇာရက်ချိန်းရယူရန် ကြိုတင်စာရင်းပေးသွင်းနိုင်သည့် လူဦးရေကိုကန့်သတ် ထားပါသည်။  ကြိုတင်စာရင်းပေးသွင်းမှုတစ်ခုသည် လူတစ်ဦးအတွက်သာဖြစ်ကြောင်း သိစေအပ်ပါသည်။ လတ်တလောတွင် လူတချို့သည် ပတ်(စ)ပို့နံပါတ်အမျိုးမျိုးနှင့် နာမည်အတုများစွာကိုသုံးလျက် မသမာသည့်နည်းလမ်းများဖြင့် ရက်ချိန်းနေရာများစွာကိုရယူနေသောကြောင့် ရက်ချိန်းနေ့တွင် ရောက်ရှိမလာသည့် ကြိုတင်စာရင်းပေးသူများစွာ ရှိနေပါသည်။ သို့ဖြစ်၍ မသမာသူများ ရက်ချိန်းနေရာအမြောက်အမြားကိုရယူပြီး ရောင်းစားခြင်းမှ ကာကွယ်ရန် သံရုံးသည် မေလ (၇) ရက် ၂၀၂၄ နေ့မှစ၍ ရက်ချိန်းပယ်ဖျက်သည့်စနစ်ကို ရပ်ဆိုင်းခဲ့ပါသည်။ ဗီဇာရက်ချိန်းအတွက် ကြိုတင်စာရင်းပေးနိုင်သည့် ရက်ကိုလည်း ယခင် ရက်(၃၀)အစား (၁၄)ရက်သို့ ပြောင်းလဲသတ်မှတ်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် လျှောက်ထားသူများသည် ယခင်ရထားသည့်ရက်ချိန်းကို ပယ်ဖျက်ရန် မဖြစ်နိုင်သည့်အတွက် မိမိယူမည့်ရက်ကို ရက်ချိန်းမယူမီ သေသေချာချာစဉ်းစားဆုံးဖြတ်ပါ။ ရက်ချိန်းအသစ်ကို ယခင်ရထားသည့်ရက်ချိန်းနေ့ကျော်လွန်သွားမှသာ အသစ်ပြန်လည်လျှောက်ထားနိုင်ပါမည်။

မေလ (၇) ရက် ၂၀၂၄ နေ့မတိုင်မီက လျှောက်ထားသူများသည် ပယ်ဖျက်သည့်ကုဒ် (cancellation code) သို့မဟုတ် အတည်ပြုသည့်အီးမေးတွင်ပါဝင်သော ပယ်ဖျက်သည့်လင့် (cancellation link)ကိုသုံး၍ ရက်ချိန်းကို ပယ်ဖျက်နိုင်ပါသေးသည်။ သို့ရာတွင် မေလ (၇) ရက် ၂၀၂၄ နေ့နောက်ပိုင်းမှ ကြိုတင်စာရင်းပေးသွင်းသူများသည် ပယ်ဖျက်သည့်ကုဒ် (cancellation code) ရော ပယ်ဖျက်သည့်လင့် (cancellation link) ပါ လက်ခံရရှိတော့မည်မဟုတ်ပါ။

◆ VABO တွင် ရက်ချိန်းမယူမီ ထိုင်းသံရုံး၊ ရန်ကုန်၏ ဝက်ဆိုက်တွင် ဗီဇာလျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ၊ လက်ခံသည့်ရက်နှင့် ငွေပေးချေရမည့်နည်းလမ်းများအကြောင်းအသေးစိတ်ကို ဂရုတစိုက်ဖတ်ရှုလေ့လာပါ။ (လင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။)

◆ ထိုင်းသံရုံး၊ ရန်ကုန်တွင် ဗီဇာဖောင်တင်၍ ကျသင့်သောဗီဇာကြေးပေးသွင်းပြီးပါက သံရုံးသည် လျှောက်ထားသူ၏ ပတ်(စ)ပို့ ပြန်လည်ထုတ်ယူရမည့်နေ့ (လျှောက်ထားသည့်နေ့ပြီးနောက် ၂ ရက်မြောက်နေ့၊ ဥပမာအားဖြင့် တနင်္လာနေ့တွင်လျှောက်ထားပါက ပတ်(စ)ပို့ကို ဗုဒ္ဓဟူးနေ့တွင် လာရောက်ထုတ်ယူနိုင်ပါသည်။) ကိုဖော်ပြထားသော အထောက်အထားစာရွက်ကို ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။ အကယ်၍ စာရွက်စာတမ်းအတုများ၊ မပြည့်စုံသောအထောက်အထားများကို တင်ပြလာပါက အဆိုပါလျှောက်ထားသူကို သံရုံးက ဗီဇာထုတ်ပေးမည်မဟုတ်ကြောင်း သိစေအပ်ပါသည်။

◆ လျှောက်ထားသူများက လေယာဉ်လက်မှတ်ဝယ်ပြီးသောကြောင့် ဗီဇာထုတ်ပေးလိမ့်မည်ဟု သံရုံးကကြိုတင်အာမ,မခံပါ။

◆ ရက်ချိန်းရယူရာတွင် ဖော်ပြထားသောအမည်နှင့် ပတ်(စ)ပို့တွင် ဖော်ပြထားသောမည်မှာ တူညီရပါမည်။ အကယ်၍ အမည်တူညီမှုမရှိပါက ဗီဇာလျှောက်ထားမှု ငြင်းဆိုခံရမည်ဖြစ်ပြီး ရက်ချိန်းအသစ်ကို အွန်လိုင်းမှ ပြန်လည်ရယူရမည် ဖြစ်ပါသည်။

Royal Thai Embassy, Yangon
Visa Appointment Booking Online
IMPORTANT INFORMATION FOR APPLYING VISA

◆ Applicants who wish to apply for an appropriate visa at the Visa Section of the Royal Thai Embassy in Yangon have to make an online reservation for visa appointment at only the Visa Appointment Booking Online (VABO) website at www.thaiconsularyangon.com/visa(this website)

◆ The Embassy limits the amount of reservation queues for visa appointment per working day. Please note that one reservation is only for one person. Due to recent circumstance that there has been an inappropriate behaviour of some individuals trying to make reservations as much as possible by using different passport numbers and fake names in order to get a lot of booking slots, resulting in high srate of "no show up" of registered applicants on the appointment date, from 7 May 2024, the Embassy stops the cancellation system so that some individuals who have dishonest bahaviour cannot make reservations and resell the reservation slots to other people. The reservation system will also be changed from opening for making the reservation 30 days in advance to be 14 days in advance. Therefore, the applicants are encouraged to thoughtfully consider the date of appointment before making reservation as the applicants cannot cancel the prior appointment and can make the reservation again after the prior date of appointment.
       The applicants who made the reservation before 7 May 2004 can still cancel the booking with the cancellation code or cancellation link in the booking confirmation email, however, the applicants who make the reservation from 7 May 2024 will not anymore receive the cancellation code or cancellation link.

◆ Before making the reservation on this VABO website of the Royal Thai Embassy in Yangon, please carefully read the details of the required documents for applying visa, date of approval and method of payment (links appear below.)

◆ After applying for a visa and paying the visa fee at the Royal Thai Embassy in Yangon, the Embassy will issue the document stating the date for collecting the passport which will be 2 working days after the date of application (for example, if applying on Monday, the passport can be collected on Wednesday.). Please note that if there are any fake or incomplete documents, the Embassy reserves the rights to reject to issue the visa for that applicant.

◆ The Royal Thai Embassy in Yangon cannot guarantee in advance that visa will be issued even the air ticket is already purchased.

◆ Name must match exactly the name in your passport. If the name on the appointment schedule does not match the name in your passport, your visa application will be rejected and the new visa appointment must be booked online.

Royal Thai Embassy, Yangon, Myanmar

No. 94, Pyay Road, Dagon Township, Yangon,
Republic of the Union of Myanmar
TEL : (951) 226 721, 226 728, 226 824
FAX : (951) 221 713
Website : https://yangon.thaiembassy.org/
Facebook : https://www.facebook.com/RoyalThaiEmbassyYangon